၁။ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၂၄ ကြိမ်မြောက် လစဉ် ပုံမှန် အစည်းအဝေး။ [မတ်လ (၁၉)ရက်နေ့ ၂၀၁၅ခုနှစ် ]

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၂၄ ကြိမ်မြောက် လစဉ် ပုံမှန် အစည်းအဝေးကို မတ်လ (၁၉)ရက်နေ့ ၂၀၁၅ခုနှစ် ကြာသာပတေးနေ့ ညနေ (၃:ဝဝ)နာရီတွင် လပြည့်ဝန်းပလာဇာ စတုတ္ထထပ်ရှိ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(MMRA) ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးတွင် ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်မှ ပြည်ပမှ ဝိုင်တင်သွင်းနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များ အကြောင်းကြားထားခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်း။(အရက်၊ ဘီယာ၊ စီးကရက်များနှင့် ပတ်သက်၍ အသင်းသားများ မေးမြန်းချက်များကို ဆွေးနွေးခြင်း။) နှင့် Philippine Franchise Association (PFA ) နှင့် Myanmar Retailers Association(MMRA) တို့ (MOU) သဘောတူစာချုပ်ချုပ်ဆိုခြင်း ကမ်းလှမ်းချက်နှင့် ပတ်သက်ပြီးဆွေးနွေးခြင်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်မျိုးသက်မှ 2014 Myanmar Retailer Association ရသုံးငွေစာရင်း ရှင်းတမ်း အကျဉ်းချုံးတင်ပြခြင်း၊ အထွေထွေအတွင်းရေးမှူး ဦးသူရိန်ငြိမ်းမှ Calendar of MMRA နှင့် ပဲခူးတိုင်းဒေသကြီးတွင် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ထပ်မံတည်ထောင်နိုင်ရန်အတွက် ဆွေးနွေးခြင်း၊ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၉ရက်နေ့ အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် Retailex & Franchisex ASEAN (RAF) 2015 Study Tour သွားရောက်ရန်အကြောင်းကြားခြင်း၊ တွဲဖက်အတွင်းရေးမှူး ဒေါ်တင်စုလှိုင်မှ Competition Law နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်းများနှင့် အခြားဆွေးနွေးလိုသည်များကို အစည်းအဝေး တက်ရောက်သူများမှ ဆွေးနွေးတင်ပြခြင်းများပြုလုပ်ခဲ့ပါသည်။



၂။ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း Information Matrix နှင့် တွေ့ဆုံဆွေးနွေးခြင်း။[မတ်လ (၅)ရက်နေ့ ၂၀၁၅ခုနှစ် ]

မတ်လ (၅)ရက်နေ့ ၂၀၁၅ခုနှစ် ညနေ ၅နာရီတွင် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (MMRA) နှင့် Information Matrix တို့တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် Information Matrixဘက်မှ Thailand Convention & Exhibition Bureau(TCEB) Group Show ကို လာရောက်ရန်ဖိတ်ကြားခဲ့သည်။ TCEB သည် ထိုင်းနိုင်ငံအစိုးရကိုယ်စားလှယ်ဖြစ်ပြီး ထိုင်နိုင်ငံ၏ MICE (Meeting, Incentive, Convention & Exhibition) Industry ကို ဦးဆောင်နေသောအဖွဲအစည်းတစ်ခု ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် သြဂုတ်လ တွင် UMFCCI နှင့် TCEB တို့သဘောတူစာချုပ်ရေးထိုးခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ MICE Industry တိုးတက်ရန် မြန်မာနိုင်ငံမှာရှိသော အသင်းအဖွဲ့များပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံမှာရှိသော MICE Industry တိုးတက်ရန် ထိုင်းနိုင်ငံမှာရှိသော အသင်းအဖွဲ့များပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင် Business Center တစ်ခုချင်းစီအလိုက် Trade Show များကို တစ်လချင်းစီပြုလုပ်နေကြောင်း၊ မတ်လ ၁၉ ရက်နေ့တွင် တွေ့ဆုံချင်သော ရည်ရွယ်ချက်မှာ TCEB အနေဖြင့်နေ့လည် ၁:ဝဝ မှ ၅:ဝဝ အတွင်းတွင် Panel Disussion နှင့် Business Machinery ကိုပြုလုပ်မည်ဖြစ်ကြောင်းနှင့် ၅:၃၀ မှ ၇:၃၀ ခန့်တွင် Networking Dinner ကိုပြုလုပ်မည်ဖြစ်ပြီး ဖိတ်စာကို တနလာင်္နေ့တွင် အသင်းရုံးခန်းသို့ပို့ပေးပါမည်ဖြစ်ကြောင်း၊ Calendar ထဲတွင် ပါသော Exhibition ကို အသင်းအနေဖြင့် ၁၀ ယောက်တက်ပါက Incentive ပေးမည်ဖြစ်ပါကြောင်းကိုဆွေးနွေးတင်ပြပြောကြားခဲ့သည်။



၃။ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၂၃ ကြိမ်မြောက် လစဉ် ပုံမှန် အစည်းအဝေး။[မတ်လ (၅)ရက်နေ့ ၂၀၁၅ခုနှစ်]

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၂၃ ကြိမ်မြောက် လစဉ် ပုံမှန် အစည်းအဝေးကို မတ်လ (၅)ရက်နေ့ ၂၀၁၅ခုနှစ် ကြာသာပတေးနေ့ ညနေ (၃:ဝဝ)နာရီတွင် လပြည့်ဝန်းပလာဇာ စတုတ္ထထပ်ရှိ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(MMRA) ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း မှ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများ နှင့် အသင်းရုံးခန်းအတွက် ပရိဘောဂများဝယ်ယူရန် ဆွေးနွေးခြင်းများကို အဓိကထားဆွေးနွေးခဲ့သည်။ ထို့အပြင် ဥက္ကဋ္ဌဒေါ်ဝင်းဝင်းတင့်မှ နိုင်ငံခြားဖြစ် အရက်၊ဘီယာ၊ ဝိုင်၊ စီးကရက်နှင့် ပတ်သက်ပြီး အသင်းမှ ကြော်ငြာချက်ထုတ်ပြန်ခဲ့ သည်များကို ဆွေးနွေးခြင်း၊ တွဲဖက် အတွင်းရေးမှုး ဦးစိန်ဌေးမှ အမျိုးသားအစားအသောက် ဥပဒေသစ် ရေးဆွဲရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည်များကို ပြန်လည်တင်ပြ ဆွေးနွေးခြင်း နှင့် ပြည်တွင်းထုတ်ကုန်များကို FDA ရရှိနိုင်ရန် အတွက်ညှိနှိုင်းဆောင်ရွက်ပေးပါရန် အဓိကထား ပြောကြားခဲ့ပြီး အစည်းဝေးတက်ရောက်သူများမှ ပထမဦးဆုံး Knowledge Sharing Section, Member's open Days တို့ကို ၂၀၁၅ခုနှစ် မတ်လ ၁၉ ရက်နေ့ ညနေ ၅ နာရီတွင် ပြုလုပ်ပါမည်ဖြစ်ကြောင်း နှင့် Knowledge Sharing Section, Member's open Days တို့ကို Retailers Networking Days ဟူ၍ခေါ်တွင်စေမည်ဖြစ်ကြောင်း နှင့် ယင်းနှင့်ပတ်သက်လိုအပ်သည်များကိုဆွေးနွေးခဲ့သည်။ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်မျိုးသက်မှ ပရိဘောဂများ ဝယ်ယူရန်သတ်မှတ်ထားသော ဈေးနှုန်းများအား တင်ပြပြီး သတ်မှတ်ဈေးနှုန်းများနှင့် စုစုပေါင်းကုန်ကျစရိတ်တို့ကို အစည်းအဝးတက်ရောက်သူများ အားလုံး၏ သဘောတူဆုံးဖြတ်ချက်အတိုင်း ပရိဘောဂများကို ဝယ်ယူခြင်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသင်းနှစ်စဉ်ကြေးများကို မတ်လကုန်တွင် နောက်ဆုံးထားပေးသွင်းနိုင်ပါရန်စီစဉ်လျှက်ရှိကြောင်းတင်ပြသွားခဲ့ပြီး ကျန်ရှိသူများက အစည်းအဝေးတွင် ဂျပန်နိုင်ငံလက်လီရောင်းချသူများအသင်းမှ မတ်လ ၁၀ရက်နေ့လာရောက်မည့်အကြောင်း၊ အလုပ်သမားဥပဒေမှုကြမ်းနှင့် ပတ်သက်ပြီး စာတင်ရန်အတွက်ပြုလုပ်ရန် နှင့် အဆိုပါဥပဒေမှုကြမ်းအတွက်ကို မတ်လ ၁၉ ရက်နေ့ အသင်းအစည်းအဝေးတွင် အပြီးသတ်ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း၊ ရေးဆွဲပြီးဖြစ်သော Competition Law ကို မတင်စုလှိုင်မှ ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း နှင့် နှစ်ပတ်လည်အစည်းအဝေးပြုလုပ်သည့်အချိန်တွင် အလုပ်အမှူဆောင်ရွေးကောက်ပွဲများပြန်လည်ပြုလုပ်ရန်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။



၎။ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ထုတ်ပြန်ကြေငြာချက် [၂၁ရက် ဖေဖော်ဝါရီလ ၂၀၁၅ခုနှစ်]

နိုင်ငံခြားဖြစ် အရက် ၊ဘီယာ ၊ စီးကရက်နှင့် ဝိုင်များအား အောက်ဖော်ပြပါ လက်လီဆိုင်များတွင် ရောင်းချခြင်းအား ရပ်ဆိုင်းထားခြင်း
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းအနေဖြင့် နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင် နှင့် စီးကရက် များအား တရားဝင်တင်သွင်းရောင်းချခွင့် ရရှိရေးအတွက် ၂ဝ၁၃ ခုနှစ် ဇွန်လ ခန့်မှစ၍ အစိုးရဌာနများနှင့် အကြိမ်ကြိမ် အစည်းအဝေးများပြုလုပ်ပြီး မြန်မာနိုင်ငံအတွက် သင့်တော်မည့် ကူးသန်းရောင်းဝယ်ရေး မူဝါဒတစ်ခုချမှတ်နိုင်ရေးတွင် အထောက်အကူ ဖြစ်စေရန် မိမိတို့သိရှိနားလည်သည်များကို နိုင်ငံတကာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နှိုင်းယှဉ် တင်ပြခဲ့ပါသည်။ သို့သော်လည်း အကြောင်းကြောင်းကြောင့် မူဝါဒချမှတ်နိုင်ခြင်း မရှိသေးပါ။
နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင် နှင့် စီးကရက်များ ပြည်တွင်းတွင် တရားဝင်ရောင်းချမှုအတွက် မူဝါဒ မရှိပါသောကြောင့် ၄င်းပစ္စည်းများအား ၂၁ ရက် ဖေဖော်ဝါရီလ ၂ဝ၁၅ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း အသင်းဝင်ဆိုင်များဖြစ်သော အောက်ပါဆိုင်များ (ဆိုင်ခွဲများအားလုံး) အနေဖြင့် ရောင်းချခြင်းအား ရပ်ဆိုင်းထားပါကြောင်း အသင်းဝင်များ သိရှိနိုင်ပါရန် ထုတ်ပြန်ကြေငြာ အပ်ပါသည်။

ဆိုင်အမည်စာရင်း
၁) ABC Convenience Stores
၂) Capital Hyper Market
၃) City Express Convenience Stores
၎) City Mart Supermarkets
၅) Gamone Pwint Departmental Stores
၆) Gandamar Wholesale
၇) Grab and Go
၈) Market Place Supermarket
၉) Orange Supermarkets
၁၀) Ocean Super Center
၁၁) Ruby Mart Supermarkets
၁၂) Star Mart Supermarkets
၁၃) GQ Convenience store
၁၄) KumuDra Convenience Store
၁၅) Shwe Paline Mini Mart
၁၆) Pyae Wa General Store
၁၇) Union Mini Mart


၅။ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၂၂ ကြိမ်မြောက် အစည်းအဝေး။[ဖေဖော်ဝါရီလ (၅)ရက်နေ့ ၂၀၁၅ခုနှစ်]

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၂၃ ကြိမ်မြောက် လစဉ် ပုံမှန် အစည်းအဝေးကို ဖေဖော်ဝါရီလ (၅)ရက်နေ့ ၂၀၁၅ခုနှစ် ကြာသာပတေးနေ့ ညနေ (၄:ဝဝ)နာရီတွင်UMFCCI စတုတ္ထထပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းဝေးပွဲသို့ ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ နှင့် တွဲဖက်အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှူဆောင်အဖွဲ့ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်မှ Thai Retailer Association မှ ဖိတ်ကြားထားသော ပွဲများကို သွားရောက်လေ့လာနိုင်ရန် နှင့် Booth ယူနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခြင်း၊ Japan Retailer Association မှလာရောက်လည်ပတ်မည့် အစီအစဉ်အတွက် ဆွေးနွေးခြင်း နှင့် မြန်မာ့စီးပွားရေးဖိုရမ် (MBF) တွင် အရက်၊ဘီယာ၊ ဝိုင်၊ စီးကရက်နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည့်များကို ပြန်လည်ဆွေးနွေးတင်ပြခြင်းများပြုလုပ်ခဲ့ပြီး ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်မှ ၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စု၏ အကောက်အခွန်ဥပဒေ(မူကြမ်း) တွင် ဆွေးနွေးခဲ့သည် များကို ပြန်လည်ဆွေးနွေးတင်ပြခြင်း၊ အထွေထွေ အတွင်းရေးမှုး ဦးသူရိန်ငြိမ်း မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းအတွက် လပြည့်ဝန်းပလာဇာတွင် ငှားရမ်းထားသော ရုံးခန်းအပြင်အဆင်စရိတ် အတွက် ဆွေးနွေးခြင်း၊ အစည်းအဝေးတက် ရောက်သူများ မှ နှစ်လတစ်ကြိမ်ပြုလုပ်မည့် Knowledge Sharing Section , Member's open Days တို့အတွက် ပညာရေးကော်မတီမှ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အသင်းသားများအချင်းချင်း ပိုမိုရင်နှီးမှုရရှိရန်နှင့် Network ပိုမိုကျယ်ပြန်ရန်အတွက် Sharing Section ကိုပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် Member's open Days ကို မတ်လတွင် စတင်ပြုလုပ်ရန် နှင့် Sharing Section ကို ၁ နာရီခန့် ပြုလုပ်မည်ဖြစ်ကြောင်း၊ ခေါင်းစဉ်နှင့်ကိုက်ညီ သော အသင်းသားများကို ရွေးချယ် ဖိတ်ကြားမည် ဖြစ်ပါကြောင်းကိုဆွေးနွေးခဲ့ပြီး အမျိုးသားအစားအသောက် ဥပဒေသစ် ရေးဆွဲရေး အတွက် ကိုယ်စားလှယ်နှင့် လိုအပ်သည်များ ဆွေးနွေးခြင်း၊ အလုပ်သမားဥပဒေမှုကြမ်းနှင့် ပတ်သက်ပြီးဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

Like Us >>
Photos
Contact Us
Room No. (409), La Pyayt Wun Plaza
No. 37, Alan Pya Pagoda St
Dagon Township Yangon.
Tel: 09-31422555, 09-31422777